Saturday 16 July 2011

ကာရံမဲ.ကဗျာ

ကြယ်တွေကြားမှာပြေးဆော.ခဲတယ်
လက်ခနဲ.လက်ခနဲ.တောက်ပတဲ.
ရင်ခုန်သံတွေရဲ.ကြားမှာ
မင်းလည်းပါ ပါရဲ.
ပြာလွင်လွင်ကောင်းကင်ကြီးတစ်ခုလုံး
နစ်ဝင်တုန်း
အတိတ်ရဲ.ပုံရိပ်တွေထင်ရှားလာတယ်
ခန်.ထည်ဝါတဲ.အဆောက်အအုံတွေကြား
ပျော်ရွှင်ကြည်နူးခဲ.ကြတယ်
လျှောက်ခဲ.တဲ.မြေနီလမ်းကလေးကလဲအရင်အတိုင်းပါပဲ
ရွှေဝါရောင်အလင်းထိုးဆင်းနေတဲ.
အခန်းထဲမှာ
အတူတူစာကျက်ဖူးခဲ.ကြတယ်
ရော်ရွက်ဝါကြွေတွေနဲ.အတူ
ကိုယ်စီကိုယ်ငှရင်ခုန်ခဲ.ဖူတယ်
ငါ.ရဲ.မှတ်ဥာဏ်ထဲမှာ
မင်းရဲ.ပုံရိပ်တွေ
အခုအထိမဆုံးသေးဘူး။

No comments:

Post a Comment